ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန် ကျမ်းစာအုပ် ၂၅အုပ် လွှင့်တင်
ဆဋ္ဌမူ ပိဋကတော် ၅၃ ကျမ်းအနက် နာယကကြီးဦးနုကိုယ်တိုင် ဦးစီးသည့် ပထမအကြိမ် ပိဋကဘာသာပြန် စာတည်းကော်မတီအဖွဲ့က ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၆ ခုနှစ်အထိ ၄၅ ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့ပြီး ယင်း ၄၅ ကျမ်းအနက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ၊ ဘာသာပြန်ဌာနစုမှ စိစစ်တည်းဖြတ်ပြီးစီးသည့် ကျမ်းအားဖြင့် ၂၇ ကျမ်း၊ အုပ်ရေအားဖြင့် ကျမ်းစာအုပ် ၂၅ အုပ်ကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါသည်။
အဆိုပါ အင်္ဂလိပ်ဘာသာပြန် ကျမ်းစာအုပ် ၂၅ အုပ်ကို ဖော်ပြပါ Link တွင် ဖတ်ရှုရယူနိုင်ပါသည်။